srs-p2

Select Language :  

ဘာလို့ကျွန်ုပ်တို့ကို ရွေးချယ်သင့်သလဲ?

1.ထိုင်းနိုင်ငံ ထိုင်းနိုင်ငံသည် လိင်အဂါပြောင်းလဲခြင်း ခွဲစိတ်မှုများ အပြုလုပ်ရဆုံးနိုင်ငံဖြစ်ပြီး အီရန်နိုင်ငံသည် ဒုတိယအများဆုံးဖြစ်သည်။ လိင်အင်္ဂါပြောင်းလဲခြင်းရန်ပုံငွေသည် လိင်တူဆက်ဆံသူများကို အဟန့်အတားမဖြစ်နိုင် (“Sex change funding undermines no gays claim”, Robert Tait, The Guardian, ၂၆ စက်တင်ဘာ ၂၀၀၇ ၊၂၀ စက်တင်ဘာ ၂၀၀၈တွင် ဝင်ရောက်ခဲ့သည်။.)

a. ယောင်္ကျားဖြစ်မှု၊ မိန်းမဖြစ်မှုနှင့် ပတ်သက်သော ရောဂါများနှင့် ပတ်သက်၍ ထားရှိရမည့် စံနှုန်းများ

SRS, MTFပြုလုပ်ရန် အသင့်တော်ဆုံး လူများ :

ယောင်္ကျားဖြစ်မှု၊ မိန်းမဖြစ်မှုနှင့် ပတ်သက်သော ရောဂါများနှင့် ပတ်သက်၍ ထားရှိရမည့် စံနှုန်းများ  – WPATH ကမ္ဘာ့ လိင်အင်္ဂါပြောင်းလဲသူများ၏ကျန်းမာရေးနှင့် ပတ်သက်သော ပညာရှင် အစည်းအရုံး(World Professional Association for Transgender Health) သည် လူတစ်ဦး သက်တောင့်သက်သာရှိစေနိုင်ရန် နှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာခြင်းကျေနပ်ခြင်း ရရှိနိုင်ရန် စည်းမျဉ်းများ ချမှတ်ခဲ့သည်။ ဤစည်းမျဉ်းများသည် လူသိများသည်။ သို့သော် USAအပြင်ဘက်တွင် ရှိသော အခြားအဖွဲ့အစည်းများဖြစ်သော SOCsစည်းမျဉ်းများလည်း ရှိသည်။

– HRTမပေးခင် လိုအပ်သော အချက်အလက်များ

– WPATH နှင့် ဝေဖန်ရေးများ

– စိတ်ပိုင်းဆိုင်ရာ အကဲဖြတ်မှု စာ

– ကျန်းမာရေးနှင့်ဆိုင်သော အငြင်းပွားဖွယ် ကုသမှုများ (ဟော်မုန်းများ)

– ဘဝ အတွေ့အကြုံ Real-Life experience

– ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာခြင်းနှင့် လက်တွေ့ကျသော မျှော်လင့်ချက်များ

– အသက် ၂၀ ကျော်ဖြစ်ပြီး ကောင်းမွန်သော ကျန်းမာရေး ရှိရ မည်။

Select Language
    Myanmar     Cambodia
    Chinese     Japanese
    German     Korean
    France     Turkey
    Malaysia    Spain
    Portugal     Afghanistan
   United Arab Emirates

srs-p1

RealTeam Clinic

Sex reassignment surgery in Thailand.

2. ကျွန်ုပ်တို့၏ ဆရာဝန် အဖွဲ့သည်  https://www.wpath.org/ တွင် အဖွဲ့ဝင်များဖြစ်သည်။

3. ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ တန်ဖိုးရှိသော ဝယ်ယူသူဖောက်သည် များကို စိတ်ကျေနပ်မှု အပြည့်ဝရရှိစေရန် သင့်တင့်သော ဈေးနှုန်းဖြင့် အရည်အသွေးလည်း မကျအောင် ကတိသစ္စာပြု၍ ဆောင်ရွက်သည်။

4. Realteamဆေးခန်းနှင့် Central Park ဆေးရုံတွင် ကျွန်ုပ်တို့၏ အဖွဲ့သည် သင့်ကို ကူညီရန်အသင့်ရှိသည်။ကျွန်ုပ်တို့သည် ဝယ်ယူသူဖောက်သည်များ အတွက် အကောင်းဆုံး အရည်အသွေးရှိသော ဝန်ဆောင်မှုကို ပေးရန် အာမခံသည်။ သင့်လိုအပ်ချက်များကို ဖြည့်ဆည်းခြင်းနှင့် ကျွန်ုပ်တို့ ဝန်ဆောင်မှုနှင့် ပတ်သက်၍ သင့်ကို အကောင်းဆုံး၊ အရှင်းလင်းဆုံးနှင့် အတိကျဆုံး အကြံဉာဏ်များပေးရသည် ကို ကျွန်ုပ်တို့ အလွန်အမင်း ဂုဏ်ယူပါသည်။
5. လေဆိပ်မှ ဟိုတယ်သို့ အကြိုအပို့ အခမဲ့ (ပုဂ္ဂလိကဆေးခန်း သို့ ဆေးရုံ၏ ကား)

6. အခမဲ့ တိုင်ပင်ဆွေးနွေးခြင်း၊ သင်ထိုင်းနိုင်ငံတွင်နေထိုင်စဉ် အတွက် ကြိုတင်အစီအစဉ်ဆွဲခြင်း

လိင်အင်္ဂါပြောင်းလဲခြင်း ခွဲစိတ်မှု Sex reassignment surgery (SRS) သည် နာမည်များစွာရှိသည်။ gender reassignment surgery (GRS), sex change surgery, sex affirmation procedures နှင့် genital reconstruction surgery တို့ဖြစ်သည်။ ဤ procedures များသည် ဆေးပညာအရ genitoplasty ဟုသိပြီး လိင်အင်္ဂါကို ခွဲစိတ်မှုဖြင့် ပြောင်းလဲခြင်းဖြစ်သည်။

SRS လုပ်သောလူနာများတွင် ခွဲစိတ်မှုပြုလုပ်ခြင်းဖြင့် သူတို့၏ရုပ်ပိုင်းဆိုင်ရာ လိင်ကို သူတို့စိတ်ထဲတွင် လိုချင်သော လိင် အဖြစ် ပြောင်းလဲပေးခြင်းဖြစ်သည်။ ဤ အခြေအနေကို လိင်ပိုင်းဆိုင်ရာ ရောဂါ ( gender dysphoria or gender identity disorder) ဟုသိရှိကြသည်။ ရှားပါးသောရောဂါ ဖြစ်သောလည်း ယခုနောက်ပိုင်းတွင် ပိုမို ၍ တွေ့လာရသည်။  transgender ဟူ၍လည်း သုံးနှုန်းကြသည်။

  • *** This video clip is suitable for ages 18 and up. ***

လိင်အင်္ဂါ ပြောင်းလဲခြင်း ခွဲစိတ် မှု Sex Reassignment Surgery (SRS) (ယောင်္ကျားမှ မိန်းမသို့ပြောင်းခြင်း(Male to Female Surgery: MTF).

အဓိက ခွဲစိတ်မှု ၂ မျိုးရှိသည်။

  1. ယောင်္ကျားတန်ဆာ အရေပြား ပြောင်းပြန်လှန်ခြင်း
  2. S ပုံ ရှိသော အူမကြီး

SRS ကိုယောင်္ကျားတန်ဆာ အရေပြားပြောင်းပြန်လှန်ခြင်း သို့မဟုတ် Sပုံရှိသော အူမကြီး တို့သည် မိန်းမအင်္ဂါ အစိ ထိတွေ့မှု၊ မိန်းမ တန်ဆာပေါက်ပြုလုပ်ခြင်း၊ သားအိမ်လမ်းကြောင်းပြုလုပ်ခြင်း တို့ကို တစ်ဆင့်ထဲဖြင့် နည်းလမ်း ၃ မျိုး သုံးပြီး လုပ်နို်ငသည်။

ကျွန်ုပ်တို့၏ ခန္ဓာကိုယ် အတွက် အကောင်းဆုံး SRS ကို ဘယ်လို ရွေးမလဲ?

  1. 1. ရှည်သော ယောင်္ကျားအင်္ဂါ (>၆ လက်မ (၁၅ စင်တီ), ထောင်မတ်သည့် အချိန်တွင်) = ယောင်္ကျားတန်ဆာ အရေပြားပြောင်းပြန်လှန်ခြင်း ) = Penile Skin Inversion (PSI)
  2. 2. အလယ်အလတ် ယောင်္ကျားအင်္ဂါ (၂- ၆ လက်မ (၅-၁၅ စင်တီ), ထောင်မတ်သည့် အချိန်တွင်)= ယောင်္ကျားတန်ဆာ အရေပြားပြောင်းပြန်လှန်ခြင်း = Penile Skin Inversion (PSI) နှင့် ကပ်ပယ်အိတ် အရေပြား အစားထိုးခြင်း Scrotal Skin Graft (SSG)
  3. 3. တိုသော ယောင်္ကျားအင်္ဂါ (<၂ လက်မ (၅ စင်တီ), ထောင်မတ်သည့် အချိန်တွင်)= ယောင်္ကျားတန်ဆာ အရေပြားပြောင်းပြန်လှန်ခြင်း နှင့် ကပ်ပယ်အိတ် အရေပြား အစားထိုးခြင်း အစားထိုးခြင်းPenile Skin Inversion (PSI, SSG) နှင့် Sပုံရှိသော အူမကြီး အစားထိုးခြင်းSigmoid Colon Graft (SCG)

လိင်အင်္ဂါပြောင်းလဲခြင်း ခွဲစိတ်မှု Sex Reassignment Surgery (S ပုံစံ အူမကြီး)ကို အနက်များများ လိုသော လူနာများတွင် သုံးသည်။ (၈ လက်မ ထက်ရှည်သော)

လိင်အင်္ဂါပြောင်းလဲခြင်း ခွဲစိတ်မှု Sex Reassignment Surgery (MTF) ကုန်ကျစရိတ် :

SRS package တွင်ပါဝင်သည်များမှာ :

  • ခွဲစိတ်ပြီးလျှင် ဆေးရုံ၏ ကိုယ်ပိုင်အခန်းတွင် ၅ ရက်တာ နေထိုင်ခွင့်Accommodation for 5 days in hospital private room after surgery
  • ခွဲစိတ်ခန်းကုန်ကျစရိတ်များ ခွဲခန်းသုံးစွဲခ၊ Operating Room Charges: OR Room Use, Recovery Room, ခွဲခန်း သူနာပြု စရိတ်Scrub & Circulate Nurse
  • အစားအသောက်စရိတ် Regular menu food charges/li>
  • • ဓာတ်ခွဲစစ်ဆေးမှု စရိတ်: necessary for the procedure as CBC, EKG, UA, Anti HIV, ရင်ဘတ်ဓာတ်မှန် Chest X-Ray(အကယ်၍ အသက် ၅၀ ကျော်ပါက နှလုံးကို စစ်ဆေးရန်လိုအပ်သည်။ ထိုအတွက် အပို 100 USD ကုန်ကျနိုင်သည်။ If age over 50 need to check Cardiology. An extra charge 100 USD)
  • BMI>25 extracharge 1000 usd
  • ဆေးပညာဆိုင်ရာ ကရိယာများနှင့် အသုံးအဆောင်များ
  • မေ့ဆေး – မေ့ဆေးမပေးခင် အသုံးပြုသောဆေးများ၊ မေ့ဆေး၊ ဆေးငွေ့များ
  • ဆေးပညာဆိုင်ရာကုသမှုများ
  • ဆရာဝန် စရိတ်
  • မေ့ဆေး စရိတ်
  • သူနာပြု ဝန်ဆောင်မှုများ
  • ချဲ့ရာတွင်အသုံးပြုသော ကရိယာ (အရွယ်အစား ၄ ခု)
  • အိမ်တွင်သောက်ရန်ဆေးနှင့် လိုအပ်သော အသုံးအဆောင်များ
  • ခွဲစိတ်ပြီး ဝန်ဆောင်မှုများ

နေရာထိုင်ခင်းအတွက်ဝန်ဆောင်မှုများ

  • လေဆိပ် – ဟိုတယ် – လေဆိပ် အကြိုအပို့ လုပ်ပေးခြင်း၊ ရက်ချိန်းပြရာတွင်လည်း အကြိုအပို့ လုပ်ပေးခြင်း
  • နာလန်ထအချိန်တွင် သင့်အားဆက်သွယ်ရန် အတွက် မိုဘိုင်း ဝန်ဆောင်မှု
  • Real team ဆေးခန်းနှင့် Central park ဆေးရုံ ၏ ၁ ကီလိုမီတာအကွာတွင် ဟိုတယ်သီးသန့် ကြိုတင်မှာကြားထားခြင်း
  • လည်ပတ်ရန် ဝန်ဆောင်မှုများ
  • မည်သည့် ဘာသာစကားမဆို ဘာသာပြန်ဝန်ဆောင်မှုများ
  • မေ့ဆေးအမျိုးအစား – မေ့ဆေး

Sex Reassignment Surgery (MTF) အတွက် ပြင်ဆင်ခြင်း :

  • မတည့်သောဆေးများ၊ ရောဂါအခံများ၊ သောက်နေသောဆေးများ ဆရာဝန်ညွှန်သော သို့မဟုတ် မိမိဘာသာ ဝယ်သောက်သည့်ဆေးများ အကြောင်းကို ကျွန်ုပ်တို့အား ပြောပြရန်။
  • စိတ်ရောဂါ အထူးကု ဆရာဝန် သို့မဟုတ် ဟော်မုန်းအထူးပြုကုသသည့် ဆရာ၏ ခွဲစိတ်ရန်သင့်တော်ကြောင်း စာ
  • ခွဲစိတ်မှုမပြုလုပ်ခင် ၂ ပတ်တွင် သွေးကြဲဆေး aspirin အသုံးမပြုရန်။
  • ခွဲစိတ်မှုမပြုလုပ်ခင် ၁ ရက်အလိုတွင် vitamin E Oil သုံးခြင်း ရပ်ရန်။
  • ခွဲစိတ်မှုမပြုလုပ်ခင် ၂ ရက်နှင့် ခွဲစိတ်ပြီး ၁ လ အထိ ဆေးလိပ်သောက်ခြင်း ရပ်ရန်။
  • ဟော်မုန်းများသုံးစွဲနေပါက ခွဲစိတ်မှု မပြုလုပ်ခင် ၂ ပတ်တွင် ရပ်ရန်။
  • သင့်တွင် အရေးကြီးသော ရောဂါ တစ်ခုခု ရှိပါက ဆရာဝန်အား အသိပေးရန်။
  • ခွဲစိတ်မှုမပြုလုပ်ခင်ညတွင် အစာနှင့်ရေသောက်ခြင်း ရပ်ရန်။
  • ခွဲစိတ်ပြီးလျှင် အနည်းဆုံး ၁၄ ရက် သို့မဟုတ် မခွဲစိတ်ခင်နှင့် ခွဲစိတ်ပြီးပေါင်း ၁၅ ရက် ထိုင်းနိုင်ငံတွင် နေထိုင်ရန်။

လိင်အင်္ဂါပြောင်းလဲခြင်း ခွဲစိတ်မှုအဆင့်ဆင့် Sex Reassignment surgical Procedure

  1. ဆီးလမ်းကြောင်း၊ သုတ်ရည်ဂလင်း၊ ဆီးအိမ်နှင့် စအိုဝ ကြားတွင် သားအိမ်လမ်းကြောင်းဖန်တီးပေးခြင်း
  2. ဝှေးစေ့နှစ်ခု ဖြုတ်ခြင်း
  3. ယောင်္ကျားတန်ဆာ အရိုးတံ အရေပြားခွာခြင်း
  4. ဆီးလမ်းကြောင်းကို ယောင်္ကျားတန်ဆာမှ သီးသန့်ဖြစ်အောင် ပြုလုပ်ခြင်း
  5. ယောင်္ကျားတန်ဆာထိပ်နှင့် အာရုံကြော ၂ ခု၊ သွေးကြောများကို သီးသန့်ထားခြင်း
  6. ယောင်္ကျားတန်ဆာ အရေပြားကို သားအိမ်လမ်းကြောင်းနှင့် ချိန်ဆ၍ လှန်ခြင်း၊ ကပ်ပယ်အိတ်မှ အရေပြားအစားထိုးခြင်း
  7. မိန်းမအင်္ဂါ အစိပြုလုပ်ခြင်း
  8. ဆီးလမ်းကြောင်းအသစ်ပြုလုပ်ခြင်း
  9. 9. မိန်းမအင်္ဂါဇာတ် နှုတ်ခမ်းပြုလုပ်ခြင်း
    ယောင်္ကျားတန်ဆာခေါင်း နှင့် အာရုံကြောများအသုံးပြုပြီး မိန်းမအင်္ဂါအစိအဖြစ် ပြောင်းလဲခြင်းလုပ်သည်။ မိန်းမအင်္ဂါအစိသည် ရုပ်ပိုင်းကော အထိအတွေ့လုပ်ငန်းကော ရှိမည်ဖြစ်သည်။ ပိုနေသော ထောင်မတ်နိုင်သော တစ်ရှုး အပိုင်းအဆများကို ဖယ်ထုတ်ခြင်းဖြင့် လိင်ဆက်ဆံရာတွင် မလိုလားအပ်သော ထောင်မတ်နိုင်သော တစ်ရှုးဖောင်းခြင်းကြောင့် ဖြစ်သော သားအိမ်လမ်းကြောင်းကျဉ်းခြင်း တို့ကို ကာကွယ်နိုင်သည်။

Sex Reassignment Surgery recovery

sex reassignment surgery လုပ်ပြီးလျှင် နာကျင်ခြင်းဝေဒနာခံစားနိုင်ရပြီး ထိုဝေဒနာကို ဆေးဖြင့် အလွယ်တကူ သက်သာအောင်လုပ်နိုင်ပြီး ရက်အနည်းငယ်အတွင်းတွင် ပျောက်နိုင်သည်။ အနာဆေးထည့်ခြင်း Dressings ပြုလုပ်ပြီး ရက်အနည်းငယ်အတွင်းတွင် Dressings လဲခြင်းများ ပြုလုပ်မည် ဖြစ်သည်။ ခွဲပြီးတစ်ပတ်အတွင်းတွင် ချုပ်ရိုးဖြုတ်မည် ဖြစ်သည်။ ခွဲစိတ်ဆရာဝန်သည် အမာရွတ်မပေါ်စေရန် အစွမ်းကုန် ကြိုးစားမည်ဖြစ်ပြီး အမာရွတ်သည် ခွဲစိတ်မှုတစ်ခု၏ မရှောင်လွှဲနိုင်သော ရလာဒ်ဖြစ်သည်။ ရင်သား ယောင်ယမ်းခြင်း၊ အရောင်ပြောင်းခြင်း တို့သည်လည်း မြန်မြန်သက်သာနို်ငသည်။ ခွဲစိတ်ပြီး အပတ်အနည်းငယ် သို့မဟုတ် ရက်အနည်းငယ်အကြာတွင် ချုပ်ရိုးကျက်မည် ဖြစ်သည်။
ချဲ့ခြင်း Dilation နှင့် ပတ်သက်၍ လမ်းညွှန်ချက်များကို ရက်ချိန်းပြန်ပြလျှင် ပြောပြပေးမည် ဖြစ်သည်။
ဘယ်အချိန်တွင် အလုပ်ပြန်ဆင်းရမလဲ၊ ပုံမှန်အလုပ်လုပ်နိုင်မလဲတို့သည် ဘယ်လောက်မြန်မြန် အနာကျက်လဲ နှင့်
တို့အပေါ်တွင်မူတည်သည်။ အနာမြန်မြန်ကျက်စေရန် လှုပ်ရှားမှု အလွန်အကျွံလုပ်ခြင်းနှင့် အလေးမခြင်းတို့ကို ရှောင်ရှားရန်လိုသည်။

SRSခွဲစိတ်မှုပြီးလျှင် ပြုလုပ်မည့် ကုသမှုများ၊ ခွဲစိတ်မှုပြီးလျှင် ညွှန်ကြားချက်များ ပေးမည်ဖြစ်သည်။

ဆေးရုံကဆင်းပြီးလျှင် ဟိုတယ်မှအကူအညီဖြင့် ပြန်ကောင်းလာမည်ဖြစ်သည်။

ဟိုတယ်၌ နာလန်ထစအချိန်တွင် အောက်ပါ ညွှန်ကြားချက်များကို လိုက်နာရမည်။

  1. ခွဲစိတ်မှုအောင်မြင်ရန်အတွက် ချဲ့ခြင်း သည် အရေးကြီးဆုံးဖြစ်သည်။ သေချာ မချဲ့လျှင် အမာရွတ် ကျုံ့ခြင်းကြောင့် အသစ်ဆတ်ဆတ် သားအိမ်လမ်းကြောင်း၏ အနက်နှင့် အကျယ်တို့သည် တိုနိုင်သည်
  2. သေချာစွာ မချဲ့လျှင် ပြင်းထန်သော ဒဏ်ရာ ရရှိနိုင်သည်။ သားအိမ်လမ်းကြောင်းတွင် ထည့်ထားသောဂွမ်းများ ဖယ်ထုတ်ပြီးလျှင် လမ်းကြောင်းအမှန်ဖြင့် ဖြည်းဖြည်းခြင်း ချဲ့ရန် ညွှန်ကြားချက်များပေးမည် ဖြစ်သည်။
  3. ပထမအပတ်များတွင် ချဲ့ခြင်းသည် နာကျင်နိုင်သည် သို့သော် အသစ်ဖြစ်တည်သော သားအိမ်လမ်းကြောင်း၏ အနက်ရရှိရန်နှင့် သူ၏ လုပ်ငန်းများစတင်လုပ်ဆောင်နိုင်ရန် ချဲ့ခြင်းသည် မုချလိုအပ်သည်။

နာလန်ထစ အချိန်တွင် တခါချဲ့ပြီးတိုင်း :

  • ရေချိုးခန်းတွင် အနာကို Hibiscrub (ပန်းရောင်) ဖြင့် ဖြည်းဖြည်းချင်း ဆေးသင့်ပါသည်။ ထို့နောက် အိမ်သာထဲတွင် ကိုယ်အင်္ဂါအစိတ်အပိုင်းထဲသို့ (ပြွတ်ဖြင့်) ဆေးခြင်း (douching) ပြုလုပ်ရမည်ဖြစ်သည်။
  • Douche ဆေးရည် (အချိုးအဆ) = 5-10 ml (cc) Beta dine ဆေးရည်ကို ရေ 1L ဖြင့်ရောခြင်း သို့မဟုတ် ဘူးပြည့်သည်အထိ ထည့်ရန်
  • ဆေးရည်ကို အနက်အဆုံးထိ ထည့်ပြီး ဘူးကို ညှစ်ပြီး တင်းကျပ်စွာကိုင်ထားပါ။.
  • ဘူးကိုတင်းကျပ်စွာကိုင်ထားပြီးလျှင် ဆေးရည်ကိုထုတ်ပါ။
  • အနာကို ခြောက်အောင်ထားပြီး Beta dine solution ကို ဂွမ်းလုံးဖြင့် လိမ်းပါ။ Kemicitine ointment ကိုဂွမ်းတံဖြင့် လိမ်းပါ။ သွေးထွက်လျှင် ဂွမ်းလုံးဖြင့် သွေးထွက်သော နေရာကို ၁၅ မိနစ်လောက် ဖိထားပါ။ ခွဲစိတ်မှုပြုလုပ်ပြီး ရက်သတ္တပတ် အနည်းငယ်တွင် သားအိမ်လမ်းကြောင်း သွေးဆင်းမှုကြောင့် knapkins (tampons) ကို တစ်နေလျှင် အကြိမ်များစွာ လဲပေးသင့်သည်။
  • SRS operation အပြီး တစ်လအကြာတွင် Premarin cream ကို သားအိမ်လမ်းကြောင်းတွင် လိမ်းရန်လိုအပ်သည်။ တစ်နေ့ကို နှစ်ကြိမ် လိမ်းခြင်းဖြင့် သင်၏ သားအိမ်လမ်းကြောင်းအသစ်ကို နူးညံ့စေသည်။ ၆ လ ခန့် အချိန်လိုအပ်သည်။
  • • အမျိုးသမီးဟော်မုန်းဆေးများကို ခွဲစိတ်ပြီး ၂ ပတ်အကြာတွင် ပြန်လည်သုံးစွဲနိုင်သည်။ ဆေးပမာဏ အတိုးအလျော့ပြုလုပ်ရန်အတွက် သင်၏ ဟော်မုန်းအထူးကု ဆရာဝန်ဖြင့် ပြန်လည်ပြရန်လိုအပ်သည်။ တချို့လူများတွင် ရုတ်တရက် ဟော်မုန်းအပြောင်းအလဲကြောင့် စိတ်ခံစားမှု အပြောင်းအလဲဖြစ်နိုင်သည်။

ထိုင်းနိုင်ငံရှိ ဧည့်သည်ဝန်ဆောင်မှု    

Ms.ramida (liew)
Tel : +66 90 989 3037
Line : ramida2611
Wechat : REALTEAMCLINIC
WHATAPP : +66909893037
Email : admin@realteamclinic.com

Sex Reassignment Surgery : လိုအပ်သော အချိန် – ၄-၅နာရီ

မေ့ဆေးအမျိုးအစား : မေ့ဆေး

Sex Reassignment Surgery နာလန်ထစ အချိန် : ထိုင်းနိုင်ငံတွင် စုစုပေါင်း ၁၅ ရက်နေရန် လိုသည်။
အလုပ်ဘယ်အချိန် ပြန်သွားနိုင်မလဲ : ရက် ၂၀ ကျော်လျှင်
ပြင်းပြင်းထန်ထန်လှုပ်ရှားမှုများ: ၄-၈ ပတ်
အမာရွတ်လျော့နည်း သက်သာခြင်း: လအနည်းငယ် မှ တစ်နှစ်အထိ

Sex Reassignment Surgery ယောင်္ကျားမှ မိန်းမသို့ Thailand

ထိုင်းနိုင်ငံတွင် ခွဲစိတ်ပြီးလျှင် ၁၄ ရက်ကြာနေရန် လိုအပ်သည်။
ခွဲစိတ်ပြီးရက်ချိန်း – အနည်းဆုံး ၁ ပတ်လျှင် ၂ ရက်၊ လိုအပ်လျှင် ရက်ချိန်းပိုခေါ်မည်။
ပထမရက် –တိုင်ပင်ဆွေးနွေးခြင်းနှင့် ဓာတ်ခွဲစစ်ဆေးရန် ပြင်ဆင်ခြင်း
၂-၆ ရက် – ခွဲစိတ်မှုနှင့် ခွဲစိတ်ပြီးလျှင် ဆေးရုံရှိ ကိုယ်ပိုင်အခန်းတွင် ၅ ရက် အနားယူခြင်း
၆ ရက် – ဆေးရုံမှ ဆင်းခြင်း
၆-၁၃ ရက် – နာလန်ထကာလတွင် ဟိုတယ်တွင် အနားယူခြင်း၊ ရက်ချိန်းပြခြင်း
၇-၁၀ ရက် – ချုပ်ရိုးဖြည်ခြင်း
၁၃ ရက် – နောက်ဆုံးစစ်ဆေးခြင်း ၊ လေယာဉ်စီးရန် ကျန်းမာရေးသင့်လျော်ခြင်း ထောက်ခံသည့် စာရွက်ထုတ်ပေးခြင်း နှင့် နာမည်နှင့် လိင်ပြောင်းခြင်းထောက်ခံချက် စာရွက် ထုတ်ပေးခြင်း
၁၄ ရက် – လေယာဉ်ဖြင့် အိမ်ပြန်ခြင်း

သင့်နှင့် သင်နှင့်အတူပါလာသော ဧည့်သည် ကို Bangkok Suvarnabhumi အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လာရောက်ကြိုဆိုပြီး သင်၏ ခရီးစဉ် အဆုံးတွင် လေဆိပ်သို့ ပြန်လည်ပို့ပေးမည် ဖြစ်သည်။ သင့်ကို ကျွန်ုပ်တို့၏ ကားမောင်းသမားသည် ဂိတ်နံပါတ် ၄ ဆုံမှတ် (Meeting point) တွင် လာရောက်ကြိုနေမည် ဖြစ်သည်။ ကားမောင်းသမားသည် သင့်နာမည်နှင့် REALTEAM တံဆိပ်ပါသော ကဒ်ပြားဖြင့် လာရောက်ကြိုနေမည် ဖြစ်သည်။
packageတွင် ပါဝင်သော ဆေးရုံဝန်ဆောင်မှု – ဆေးရုံတွင် ခွဲစိတ်အပြီး နာလန်ထစအချိန်တွင် တီဗီနှင့် လေအေးပေးစက်ပါသော ကိုယ်ပိုင်အိပ်ခန်း၊ စားစရိတ်၊ နေစရိတ်အပါအဝင်ဖြစ်သည်။ သင်၏ အခန်းတွင် ဧည့်သည်များတည်းရန် sofa bed ရှိသည်။ (အပိုငွေပေးရန်မလို)

ဟိုတယ် – REALTEAMအတွက် အထူးနှုန်းများ

ဆေးရုံမတက်မီနှင့် ဆေးရုံဆင်းပြီးချိန်တွင် လူနာများသည် ဟိုတယ်တွင် နေထိုင်ကြသည်။ ကျွန်ုပ်တို့သည် ဟိုတယ်တွင် နေထိုင်ရေးကို သင့်တင့်သော နှုန်းဖြင့် စီစဉ်ပေးနိုင်သည် (realteam ဆေးခန်း သို့မဟုတ် Central Park ဆေးရုံမှ ၂၀ -၁၀၀ မီတာ အကွာတွင် ရှိသည်)

 

REALTEAM သို့မဟုတ် Central Park ဆေးရုံ မှ အသိမှတ်ပြုသော ဟိုတယ်များတွင်
  • အခမဲ့ အင်တာနက်
  • နားနေရန် အသုံးအဆောင်များ
  • လေအေးပေးစနစ်
  • အိမ်မှုကိစ္စထိန်းသိမ်းသူများ
  • တီဗီနှင့် ဒီဗီဒီရုပ်ရှင်များ
  • အဝတ်လျှော်သည့် ဝန်ဆောင်မှုများ / ကိုယ်တိုင်လုပ်စနစ်
  • စားသောက်ဆိုင်၊ ဟင်းချက်ရန် အသုံးအဆောင်များ
  • အပန်းဖြေရန် ဒေသ၏ထင်ရှားသောနေရာများသို့ပို့ပေးခြင်း
  • အိပ်ခန်း၊ အိပ်ရာ၊ ကြမ်းခင်းတို့ သန့်ရှင်းမှု

ဘာသာစကား

  • ထိုင်း၊ အင်္ဂလိပ်စာ
  • အခြားဘာသာစကားများ (လိုအပ်လျှင်)

 

ငွေပေးခြင်း

ငွေပေးချေခြင်းကို ငွေသားဖြင့် ဆိုလျှင် US dollars, Euro Dollar, Japanese Yen, HKD, SGD, AUD သို့မဟုတ် Traveler‘s Cheques ဖြင့်လည်း ပေးနိုင်သည်။

credit cardsသုံးလျှင် ဆေးရုံမှ international transaction fee၃ ရာခိုင်နှုန်း ကောက်ခံမည် ဖြစ်သည်။ ဤ transaction feeသည် ခွဲစိတ်မှုအတွက်သာ ဖြစ်သည်။ ဟိုတယ်များတွင် transaction fee မကောက်ပါ။
HIVပိုးရှိခဲ့လျှင် ကုန်ကျငွေ၏ ၃၀ ရာခိုင်နှုန်းကို ထပ်မံကောက်ခံမည် ဖြစ်သည်။

စားသောက်မှု ကုန်ကျစရိတ်

စားသောက်မှုအတွက် တစ်နေ့ကုန်ကျစရိတ်မှာ 15-20 USD ဖြစ်သည်။

နိုင်ငံကူးလက်မှတ် နှင့် ဗီဇာ

Realteam ဆေးခန်း သို့မဟုတ် Central parkဆေးရုံသည် သံရုံးသို့ပြရန် စာထုတ်ပေးနိုင် သည်။ ထိုင်းနိုင်ငံသို့ ဝင်မည့် ခရီးသည်များတွင် သက်တမ်း ၆ လ အနည်းဆုံးရှိသော နိုင်ငံကူး လက်မှတ်ရှိရမည် ဖြစ်သည်။

ခရီးသွားဗီဇာ ကင်းလွတ်သော နိုင်ငံများ (ဗီဇာမပါဘဲ ၃၀ ရက်နေနိုင်သော နိုင်ငံများ )

Australia, Austria, Belgium ,Brazil ,Bahrain , Brunei Darussalam   ,Canada, Denmark ,Finland ,France, Germany  ,Greece ,Hong Kong ,Iceland  ,Indonesia  ,Ireland  ,Israel  ,Italy  ,Japan  ,South Korea ,Kuwait ,Luxembourg , Malaysia  ,Monaco  ,Netherlands  ,New Zealand  ,Norway  ,Oman ,Peru  ,Philippines  ,Portugal , Qatar , Singapore  ,Spain  ,South Africa  ,Sweden  ,Switzerland  ,Turkey  ,United Arab Emirates, United Kingdom  ,United States of America ,Vietnam.

လေဆိပ်လူဝင်မှုကြီးကြပ်ရေးဌာန

ခွဲစိတ်မှုနှင့် ပတ်သက်သော လိုအပ်သော စာရွက်စာတမ်း များ ယူသွားရန် လိုအပ်သည်။ မလိုအပ်သော ဆေးဝါးများသို့ အန္တရာယ် ရှိသော ပစ္စည်းများအား သင်၏ ခရီးဆောင်အိတ်တွင် မယူဆောင်လာပါနှင့် ။.

လိင်အင်္ဂါ ပြောင်းထားသူများအတွက် လေယာဉ်စီးရာတွင် ဆောင်ရန်ရှောင်ရန်များ

ဤစာမျက်နှာပေါ်တွင် တင်ပြထားသည့် အကြောင်းအရာများသည် လိင်အင်္ဂါပြောင်းထားသူများ သို့မဟုတ် အခြားသူများသည် လုံခြုံရေးကို လှည့်ဖျားရန်မဟုတ်။ မတရားသော ဆက်ဆံမှုများ ဖြစ်ခဲ့လျှင် လိင်အင်္ဂါပြောင်းထားသူများအတွက် ဆောင်ရန်ရှောင်ရန်များဖြစ်သည်။

သင်ဘယ်သူလဲ : Identification ကိစ္စများ

အသက် ၁၈ နှစ် အထက် ခရီးသည် များသည် မည်သူမည်ဝါဖြစ်ကြောင်း ထောက်ခံသည့် သက်သေအချက်အလက်များကို check-in နှင့် လုံခြုံရေးစစ်ဆေးသော နေရာများတွင် ပြရန်လိုသည်။

  • • လေယာဉ်ဘိုကင်တင်ထားသော နာမည်သည် သင်၏ identificationရှိနာမည်နှင့် ကိုက်ညီရမည်။
  • • သင်၏နာမည်သည် နိုင်ငံကူးလက်မှတ်ရှိနာမည်နှင့် မကိုက်ညီပါက updateဖြစ်သော IDတစ်ခု ရရှိရန် လိုအပ်သည်။
  • သင်၏နာမည်သည် နိုင်ငံကူးလက်မှတ်ရှိနာမည်နှင့် မကိုက်ညီပါက updateဖြစ်သော IDတစ်ခု ရရှိရန် လိုအပ်သည်။
  • အပြည်ပြည်ဆိုင်ရာ လေကြောင်းစီးနင်းသူများအတွက် တရားဝင်သော နိုင်ငံကူးလက်မှတ်၊ ဗီဇာနှင့် လိုအပ်သော စာရွက်စာတမ်းများ ပြရန် လိုအပ်သည်။ ၎င်း IDများမပြနိုင်ပါက လေယာဉ်စီးခွင့် မရခြင်း ဖြစ်တတ်သည်။
  • e-tickets သုံးစွဲသူတို့အတွက် ဓာတ်ပုံ၊ identification နှင့် e-ticket ဗောက်ချာပြခြင်းဖြင့် လေယာဉ် လက်မှတ်ထုတ်ယူနို်ငသည်။
  • အကယ်၍ သင်၏ ID ရှိ ဓာတ်ပုံနှင့် ယခုလက်ရှိ ပုံနှင့် မတူပါက update ဖြစ်သော ID ကို ပုံအသစ်ဖြင့် ပြုလုပ်သင့်သည်။ အကယ်၍ မလုပ်နိုင်ပါက သမားတော်ထံမှ လက်ရှိရုပ်နှင့်မတူကြောင်း ရှင်းလင်းချက် အထောက်အထား ရယူလျှင် ပို၍ကောင်းသည်။

လေယာဉ်လက်မှတ်ဘိုကင် နှိပ်ပါ !!!

www.skyscanner.com

Realteam Clinic ဆေးခန်း ခွဲစိတ်ဆရာဝန် အဖွဲ့

ထိုင်းနို်ငငံတွင် အလှအပဆိုင်ရာ နှင့် ပြန်လည်တည်ဆောက်ပြုပြင်ခြင်းခွဲစိတ်မှုတွင် တစ်ခုတည်းသောနှင့် အရည်အချင်းပြည့်မီသော ဆရာဝန်များ အုပ်စုကြီး ဖြစ်သည်။

ထို့ကြောင့် Realteamဆေးခန်းတွင် Dr.CHETTHA THANNAKHON MD တွင် FFS, SRS, body contouringအစရှိသော procedure တစ်ခုစီအတွက် ရွေးချယ်စရာ အရည်အချင်းပြည့်မှီသော ဆရာဝန်များစွာ ရှိသည်။ထို့အတူ မေ့ဆေးဆရာဝန်နှင့် ခွဲစိတ်ခန်း သူနာပြုအဖွဲ့အစည်း များစွာရှိသည်။

Sex Reassignment Surgeryအပြီး ပြဿနာများ

နာကျင်ခြင်း
  • ခွဲစိတ်ပြီးပြီးခြင်းရက်နှင့် ခွဲစိတ်ပြီးပြီးခြင်း နောက်တစ်ရက်တွင် နာကျင်ခြင်း ဝေဒနာ အဆိုးဆုံးဖြစ်သည်။ ၂-၃ ရက်မြောက်တွင် အနာသက်သာလာသည်။ ခြုံပြောရလျှင် ဆရာဝန်သည် အနာသက်သာဆေးကို ပထမနေ့တွင် ပေးမည်ဖြစ်သည်။ နာကျင်ခြင်းအရမ်းဆိုးလာလျှင် အနာသက်သာဆေးထိုးမည် ဖြစ်သည်။
  • အနာကိုဖွင့်ပြီးလျှင် သားအိမ်လမ်းကြောင်းအနာသည် အဆိုးဆုံးဖြစ်သည်။ ထိုင်လျှင် နာကျင်ခြင်းကို ခံစားရသည်။ လက်စွပ်ပုံ သို့မဟုတ် ဒိုးနတ်ပုံ ခေါင်းအုံးပေါ်တွင် ထိုင်သော်လည်း နာကျင်ခြင်း သိပ်မသက်သာပေ။ ပျော့သော ခေါင်းအုံး ပေါ်တွင် အိပ်ခြင်းသည် အနာသက်သာစေသည်။ .
ဆီးပိုက် နှင့် သငံရည်ထွက်ရန် ပိုက်လိုင်း

ခွဲစိတ်မှုပြီး အခန်းထဲတွင်နားနေချိန်တွင် လူနာသည် အပေါ့သွားချင်သည့် ခံစားချက်မျိုး တချိန်လုံး ဖြစ်ပေါ်နေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဆီးပိုက်ထည့်ထားသောကြောင့် ဖြစ်သည်။ ဆီးအိမ်အတွင်းရှိ ဆီးပိုက်မှ ဘောလုံးကြောင့် ဖြစ်သည်။ ဆီးသည် အပြင်မှ ဆီးအိတ်ထဲသို့ စီးဆင်းနေသည်။ ၂-၃ ရက်အကြာတွင် နေလို့ကောင်းမည်ဖြစ်သည်။

ခြုံပြောရလျှင် ဆီးပိုက်နှင့် သားငံရည် ထုတ်ရန်လိုင်း များကို ၄-၆ ရက်အထိ ထားမည် ဖြစ်သည်။ အနာပြန်ဖွင့်မည့်နေ့တွင် ဖြုတ်မည်ဖြစ်သည်။

အစာ

ခွဲစိတ်ပြီးအချိန်တွင် ပျို့ခြင်း အန်ခြင်းများ ရှိနိုင်သည်။ မေ့ဆေး အရှိန်ပြေလာလျှင် အရည်နှင့် အစာအနည်းငယ်သာ စားသင့်သည်။

၂-၅ ရက် အတွင်းတွင် ပလိန်းအစားအစာသာ စားသင့်သည်။ နို့နှင့် အသီးများ ရှောင်သင့်သည်။ အဘယ်ကြောင့် ဆိုသော် ခွဲစိတ်ပြီးလျှင် ခဏခဏ ဝမ်းသွားခြင်းသည် မသင့်လျော်ပါ။ ရောဂါပိုးများကူးနို်ငသော ကြောင့် ဖြစ်သည်။

အလေးသွားခြင်း Defecation

ခွဲစိတ်မှုပြီးလျှင် ဂွမ်းလုံးကို သားအိမ်လမ်းကြောင်းအတွင်းတွင် ထပ်မံထည့်ခြင်းဖြင့် အစားထိုးထားသော အရေပြားနှင့် သားအိမ်လမ်းကြောင်းအရေပြားတို့သည် အသစ်ဖန်တီးထားသော သားအိမ်လမ်းကြောင်းကို တွဲချည်ရန်ဖြစ်သည်။ ဂွမ်းလုံးသည် စအိုဝတွင်ရှိပြီး စအိုဝကို ဖိသည်။ ခွဲစိတ်ပြီး ပထမ ၁ ရက် ၂ ရက်တွင် ဝမ်းသွားရန် မလိုပါ။ ခြုံပြောရလျှင် ဤလက္ခဏာများသည် ၁ ရက် ၂ ရက် တွင် သက်သာလာမည်ဖြစ်သည်။ ၄-၆ ရက်မြောက်တွင် ပတ်တီးနှင့် ဂွမ်းလုံးကို ထုတ်ပြီးလျှင် ဝမ်းသွားလျှင် နာကျင်ခြင်းသက်သာသွားမည် ဖြစ်သည်။

ခြုံပြောရလျှင် ၃ ရက်ကြာလျှင် ဝမ်းသွားခြင်း စမည် ဖြစ်သည်။ ရေချိုးခန်း သို့မဟုတ် အိပ်ရာထဲတွင် ဝမ်းသွားနိုင်သည်။ ဝမ်းသွားပြီးလျှင် သန့်ရှင်းရေးသေချာလုပ်ရမည် ဖြစ်သည်။ ရောဂါပိုး ဝင်နို်ငသောကြောင့် ဖြစ်သည်။ ဝမ်းများ အရှေ့သို့ မရောက်စေရန် ဝမ်းကို စက္ကူဖြင့် အရှေ့မှ အနောက်သို့ သုတ်ပါ။

ဆီးသွားခြင်း

၅ ရက်မြောက်တွင် အနာဆေးထည့်ခြင်းနှင့် အတူ ဆီးပိုက်လည်း ဖြုတ်မည် ဖြစ်သည်။ ဆီးပိုက်ဖြုတ်ပြီး အနာဆေးထည့်ပြီးလျှင် ၃၀မိနစ်ခန့် ဒူးဘက်ထောက်ပြီးလှဲခြင်း ခြေထောက်ဆန့်ခြင်းဖြင့် သွေးထွက်ခြင်းကို ရပ်နိုင်သည်။ ထို့နောက် အိမ်သာထဲသို့ သွားပြီး ဆီးသွားပါ။ အကြောင်းအရင်း ၂ ခုကြောင့် ဆီးသွားရ ခက်နိုင်သည်။ သွေးစများ ဆီးလမ်းကြောင်းကို ပိတ်နေသောကြောင့်လည်းကောင်း ၊ ဆီးပိုက်ထည့်ခြင်းကြောင့် ဆီးလမ်းကြောင်းတစ်လျှောက် ယောင်နေခြင်းကြောင့် ဖြစ်နို်ငသည်။ ဆီးမသွားနို်ငလျှင် ဆီးပိုက် ၁-၂ပတ် အထိ ထည့်ရန်လိုအပ်သည်။ ဒုတိယဆီးပိုက် ထည့်ပြီးလျှင် ဆေးရုံတွင် နေရန်မလိုပါ။ ဆီးပိုက်ဖြင့် အိမ်ပြန်၍ရသည်။

ဆီးမထွက်ခြင်း

ဆီးပိုက်ထုတ်ပြီးလျှင်လည်း တစ်ခါတစ်ရံဖြစ်နို်ငသည်။ ဆီးလမ်းကြောင်း ယောင်ခြင်းကြောင့် ဖြစ်နိုင်သည်။ ဆီးပိုက်ကို ၃-၇ ရက် အထိထားခြင်းတိုလည်း လုပ်နိုင်သည်။

SEND US A MESSAGE

    Are you ready for a SRS?

    Your treatment will be performed by licensed therapist. Schedule your appointment now!
    Customer service In Thailand.

    Ms.ramida (liew)

    Tel : +66 90 989 3037      WHATAPP : +66909893037
    Line : ramida2611             Wechat : REALTEAMCLINIC

    Are you ready for a SRS?

    Your treatment will be performed by licensed therapist. Schedule your appointment now!

     

    Customer service In Thailand

    Ms.ramida (liew)
    Tel : +66 90 989 3037
    WHATAPP : +66909893037
    Wechat : REALTEAMCLINIC
    Line : ramida2611